ရွိုင်ရယ်-ဒီမှ နေပြည်တော်ရှိ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ ဘူးပေါင်း (၁) သိန်းလှူဒါန်းမှု
ရွိုင်ရယ်-ဒီ ပရိသတ်ကြီးရေ…
အခုဆိုရင် ရွိုင်ရယ်-ဒီကနေ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကိုဗစ် ကာကွယ်ကုသတိုက်ဖျက်ရေးနေရာများအတွက်အတွက် ထောင့်ပေါင်းစုံကနေ စဉ်ဆက်မပြတ် တစ်တပ်တစ်အားပံ့ပိုးကူညီပါဝင်လျက်ရှိတာ ဘူးပေါင်း ၇သိန်းကျော်ပြီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလမှာလည်း နေပြည်တော်မှာရှိတဲ့ ဆေးရုံများ၊ Covid center များနဲ့ အခြားသောလိုအပ်တဲ့နေရာတွေမှာအသုံးပြုဖို့ ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကိုလည်း ရွိုင်ရယ်-ဒီ ဘူးပေါင်း- ၁သိန်း (တန်ဖိုးငွေ ၅၀,၀၀၀,၀၀၀ ကျပ်) ကိုလှူဒါန်းခဲ့ပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအတွက် စိတ်ရောကိုယ်ပါ တာ၀န်ထမ်းဆောင်နေကြသူတွေအားလုံး လုပ်ငန်းဆောင်တာတွေကို လန်းလန်းဆန်းဆန်း ဆောင်ရွက်နိုင်ဖို့ ရွိုင်ရယ်-ဒီ သီးစုံအားဖြည့် ဓာတ်ဆားဖျော်ရည်များကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းသာ ဂုဏ်ယူမိပါတယ်။
Add a Comment