သူငယ်ချင်းတို့ရေ…
ရာသီဥတု အပူချိန်များလာရင် ပေါ့ပေါ့ဆဆမနေသင့်ပါဘူးနော်။
အဲ့ဒါကြောင့်အပူဒဏ်ကို ကာကွယ်သတိထားဖို့ ရွိုင်ရယ်-ဒီ သူငယ်ချင်းတို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့အခြေခံအချက်တွေကို မျှဝေပေးလိုက်ပါတယ်။
✅ အရိပ်ရ၍ အေးသောနေရာတွင်နေပါ။
✅ နေရောင်ခြည်နှင့် တိုက်ရိုက်မထိစေရန် လုံခြုံသောအဝတ်များဝတ်ဆင်ပါ။
✅ အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန် များကို တပ်ဆင်ပါ။
ခန္ဓာကိုယ်အပူချိန်မြင့်လာရင် ချွေးထွက်များပြီး ရေဓာတ်ကုန်ဆုံးကုန်လို့ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ နုံးချိတာတွေအပြင် တခြားဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ဒီလိုအချိန်မျိုးမှာဆိုရင် ရေ နဲ့ ဓာတ်ဆားများကို မှန်မှန်ကန်ကန်ပြန်လည်ဖြည့်တင်းပေးမယ့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ကိုသောက်ဖို့မမေ့နဲ့နော်။