96277531_1355624687961029_5910852327694139392_n

HEALTHY

သူငယ်ချင်းတို့ရေ…
ရာသီဥတု အပူချိန်များလာရင် ပေါ့ပေါ့ဆဆမနေသင့်ပါဘူးနော်။
အဲ့ဒါကြောင့်အပူဒဏ်ကို ကာကွယ်သတိထားဖို့ ရွိုင်ရယ်-ဒီ သူငယ်ချင်းတို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့အခြေခံအချက်တွေကို မျှဝေပေးလိုက်ပါတယ်။
✅ အရိပ်ရ၍ အေးသောနေရာတွင်နေပါ။
✅ နေရောင်ခြည်နှင့် တိုက်ရိုက်မထိစေရန် လုံခြုံသောအဝတ်များဝတ်ဆင်ပါ။
✅ အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန် များကို တပ်ဆင်ပါ။
ခန္ဓာကိုယ်အပူချိန်မြင့်လာရင် ချွေးထွက်များပြီး ရေဓာတ်ကုန်ဆုံးကုန်လို့ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ နုံးချိတာတွေအပြင် တခြားဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ဒီလိုအချိန်မျိုးမှာဆိုရင် ရေ နဲ့ ဓာတ်ဆားများကို မှန်မှန်ကန်ကန်ပြန်လည်ဖြည့်တင်းပေးမယ့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ကိုသောက်ဖို့မမေ့နဲ့နော်။
140147570_1566181393572023_1667548076338554470_n

ရွိုင်ရယ်-ဒီ နဲ့အတူကုသိုလ်ယူ

ရွိုင်ရယ်-ဒီ ပရိသတ်ကြီးရေ 💛
အကယ်ဒမီထက်ထက်မိုးဦးနဲ့ “ရွိုင်ရယ်-ဒီ နဲ့အတူ ကုသိုလ်ယူ” Live အစီအစဉ်ကနေ လက်ခံရရှိခဲ့တဲ့ အလှူများကို ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာသွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Live အစီအစဉ်အတွင်းကနေရရှိခဲ့တဲ့အလှူများထဲမှ “အခြားပြည်နယ်နဲ့တိုင်း‌ဒေသကြီးများ” မှာရှိတဲ့ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာများသို့ သွားရောက်လှူဒါန်းပေးခဲ့ပုံများကို မျှဝေပေးမှာဖြစ်ပါတယ်။
✨ မုံရွာမြို့ ၊ မော်လမြိုင်မြို့၊ မြစ်ကြီးနား ၊ ဟင်္သာတ ၊ ပုသိမ် ၊ ပြည် ၊ လွိုင်ကော် ၊ မြိတ် ၊ ထား၀ယ် ၊ မကွေးမြို့များ မှာရှိတဲ့ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာသို့ ရွိုင်ရယ်-ဒီ ဘူးပေါင်း ၅၆,၉၆၄ ကို လှုဒါန်းခဲ့ပါတယ်။
✨ ရွိုင်ရယ်-ဒီ ဒါဇင်ပေါင်း ၃,၀၀၀ ပါ၀င်လှူဒါန်းခဲ့တဲ့ “ဦးစိန်ထွန်းမိသားစု (ဆင်နှစ်ကောင် ရောင်း၀ယ်ရေး) ” မှ ကိုကျော်၀င်းထွန်း ကိုယ်တိုင်ပါ၀င်ပြီး✨ ရွိုင်ရယ်-ဒီနဲ့အတူ မုံရွာမြို့ရှိ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးဆေးရုံများ ၊ Quarantine Center များ၊ Covid Community စုစုပေါင်း (၁၉) နေရာ သို့ ရွိုင်ရယ်-ဒီ ဘူးပေါင်း (၃၆,၀၀၀) ကို အတူပါ၀င် လှူဒါန်းပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလို ရွိုင်ရယ်-ဒီနဲ့အတူ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာတွေကို လှူဒါန်းမှုအစီအစဉ်မှာ တတပ်တအားပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်ကြီးများအားလုံးကိုလည်း ရွိုင်ရယ်-ဒီမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောရင်း လှူဒါန်းမှုကုသိုလ်ကို အားလုံးရဖို့အတွက် အလှူပုံရိပ်လေးများကိုလည်း ထပ်မံဖော်ပြပေးလိုက်ရပါတယ်နော်။
141874545_1571008713089291_1411375806385593230_n

နေပြည်တော်

ရွိုင်ရယ်-ဒီမှ နေပြည်တော်ရှိ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ ဘူးပေါင်း (၁) သိန်းလှူဒါန်းမှု✅
💚ရွိုင်ရယ်-ဒီ ပရိသတ်ကြီးရေ…
အခုဆိုရင် ရွိုင်ရယ်-ဒီကနေ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကိုဗစ် ကာကွယ်ကုသတိုက်ဖျက်ရေးနေရာများအတွက်အတွက် ထောင့်ပေါင်းစုံကနေ စဉ်ဆက်မပြတ် တစ်တပ်တစ်အားပံ့ပိုးကူညီပါဝင်လျက်ရှိတာ ဘူးပေါင်း ၇သိန်းကျော်ပြီဖြစ်ပါတယ်။💚
📢၂၀၂၀ ခုနှစ် အောက်တိုဘာလမှာလည်း နေပြည်တော်မှာရှိတဲ့ ဆေးရုံများ၊ Covid center များနဲ့ အခြားသောလိုအပ်တဲ့နေရာတွေမှာအသုံးပြုဖို့ ‌ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကိုလည်း ရွိုင်ရယ်-ဒီ ဘူးပေါင်း- ၁သိန်း (တန်ဖိုးငွေ ၅၀,၀၀၀,၀၀၀ ကျပ်) ကိုလှူဒါန်းခဲ့ပါတယ်။ 📢
🙏🏼ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအတွက် စိတ်ရောကိုယ်ပါ တာ၀န်ထမ်းဆောင်နေကြသူတွေအားလုံး လုပ်ငန်းဆောင်တာတွေကို လန်းလန်းဆန်းဆန်း ဆောင်ရွက်နိုင်ဖို့ ရွိုင်ရယ်-ဒီ သီးစုံအားဖြည့် ဓာတ်ဆားဖျော်ရည်များကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းသာ ဂုဏ်ယူမိပါတယ်။ 🙏🏼
138391928_1562458673944295_7567067032113705820_n

မန္တလေးတိုင်းဒေသကြီး

“ရွိုင်ရယ်-ဒီ နှင့်အတူ ကုသိုလ်ယူ” အစီအစဉ်မှ သွားရောက်လှူဒါန်းမှုများ”
ရွိုင်ရယ်-ဒီ ပရိသတ်ကြီးရေ 💚
အကယ်ဒမီထက်ထက်မိုးဦးနဲ့ “ရွိုင်ရယ်-ဒီ နဲ့အတူ ကုသိုလ်ယူ” Live အစီအစဉ်မှာ လက်ခံရရှိတဲ့အလှူများကို COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာတွေမှာ သွားရောက်လှူဒါန်းမှုတွေ စတင်ခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင်တော့ အလှူနေ့ရက်မှာ ✨ရွိုင်ရယ်-ဒီ ဒါဇင်ပေါင်း ၅,၀၀၀ ဖြင့်ပါ၀င်လှူဒါန်းခဲ့တဲ့
“ကို၀င်းမင်းနိုင် နှင့် မငြိမ်းငြိမ်းအိ (ငွေပင်လယ် ရောင်း၀ယ်ရေး) မိသားစု” မှ ကို၀င်းမင်းနိုင် ကိုယ်တိုင်ပါ၀င်ပြီး✨
ရွိုင်ရယ်-ဒီနဲ့အတူ “မန္တလေးတိုင်းဒေသကြီး” ရှိ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးဆေးရုံများ 🏥 ၊ Quarantine Center များ၊ Covid Community နှင့် Fever Clinic များ၊ စုစုပေါင်း (၃၇) နေရာ သို့ သွားရောက်ကာ ရွိုင်ရယ်-ဒီ ဘူးပေါင်း (၆၀,၀၀၀) ကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ လှူဒါန်းခဲ့ပုံအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ 💚🥰
အခြားမြို့များရဲ့ လှူဒါန်းမှုပုံရိပ်များကိုလည်း နောက်ရက်များမှာ မျှဝေပေးသွားမှာမို့ ရွိုင်ရယ်ဒီနဲ့အတူကုသိုလ်ယူကြပါစို့နော်။ 🙏🏽
131394467_1539455872911242_3852952167535577880_n

ရွိုင်ရယ်-ဒီ ဘူးပေါင်း (၅) သိန်းကျော်လှူဒါန်းမှုအစီအစဉ်များ

“ရွိုင်ရယ်-ဒီ ဘူးပေါင်း (၅) သိန်းကျော်လှူဒါန်းမှုအစီအစဉ်များ”
📢ရွိုင်ရယ်-ဒီကနေ COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာတွေမှာ စဉ်ဆက်မပြတ် ပံ့ပိုးကူညီလျက်ရှိတာ ဒီတစ်ခါမှာလည်း နိုင်ငံတစ်ဝှမ်း နေရာ (၇၃) ခုမှာရှိတဲ့ ကိုဗစ်ကာကွယ်ကုသရေး Community များသို့ ရွိုင်ရယ်-ဒီ ဘူးပေါင်း ၁၀၀,၀၀၀ (တန်ဖိုးငွေ ၅၀,၀၀၀,၀၀၀ ကျပ်) ကို သွားရောက်ပံ့ပိုးဖြည့်ဆည်းခဲ့ပါတယ်။ 📢
🙏🏼COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးမှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက် ပေးဆပ်နေသူ ကျန်းမာရေးဝန်ထမ်းများနဲ့ လုပ်အားပေးကူညီသူများ အမြဲလန်းဆန်းကျန်းမာလို့ ကိုယ်ရောစိတ်ပါလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ရွိုင်ရယ်-ဒီ သီးစုံအားဖြည့် ဓာတ်ဆားဖျော်ရည်များကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ရွိုင်ရယ်-ဒီကလည်း ကျေနပ်ဝမ်းသာ ဂုဏ်ယူမိပါတယ်နော်။ 🙏🏼
📞COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာများတွင် ရွိုင်ရယ်-ဒီကို လိုအပ်ပါက ရွိုင်ရယ်-ဒီ ဖောင်ဒေးရှင်း ဖုန်းနံပါတ် 09674574277 ကိုဆက်သွယ် မေးမြန်းနိုင်ပါပြီ။📞
ဘာမဆို ရင်ဆိုင်တူတူဖြတ်သန်းကြပါစို့။
ရွိုင်ရယ်-ဒီကအားလုံးနဲ့အတူရှိနေပါတယ်။
126929888_1519772274879602_5120380759421592091_n

ရွိုင်ရယ်-ဒီ ဘူးပေါင်း (၅) သိန်းကျော်လှူဒါန်းမှုအစီအစဉ်များ

“ရွိုင်ရယ်-ဒီ ဘူးပေါင်း (၅) သိန်းကျော်လှူဒါန်းမှုအစီအစဉ်များ”
ရွိုင်ရယ်-ဒီ ပရိတ်သတ်ကြီးရေ
ရွိုင်ရယ်-ဒီကနေ COVID 19 ကာကွယ်တိုက်ဖျက်ရေးနေရာများမှာ ရွိုင်ရယ်-ဒီ ဘူးပေါင်း (၅) သိန်း လှူဒါန်းရန်စီစဉ်ခဲ့ပေမယ့် အခုဆိုရင်တော့ ပူးပေါင်းပါဝင်လှူဒါန်းလာခဲ့တာ ဘူးပေါင်း(၅) သိန်း (၇) သောင်း ကျော်ရှိခဲ့ပါပြီ။
ဒီတစ်‌‌ခါမှာလည်း နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံ‌ ၆၉ခု သို့ သွားရောက်ပံ့ပိုးကူညီခဲ့တဲ့ပုံရိပ်အချို့ကို အားလုံးမျှ‌ဝေခံစားရအောင် တင်ပေးလိုက်ပါတယ်။
ရှေ့တန်းမှာ မားမားမတ်မတ်ရပ်တည်လို့ ကိုယ်ကျိုးမငဲ့ အများပြည်သူအတွက် ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ပေးသူများကို အမြဲတမ်းလန်းဆန်းတက်ကြွစွာလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်စေဖို့ ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း ၅သိန်းကျော် ထဲမှ ဘူးပေါင်း ၂ သိန်း ၄သောင်း၊ တန်ဖိုးငွေ – ကျပ်ပေါင်း သိန်း ၁ထောင့် ၂ရာ ကျော်ကို သွားရောက်ပံ့ပိုးကူညီခဲ့ပါပြီ။
COVID-19 ကာကွယ်ကုသတိုက်ဖျက်ရေးနေရာများတွင် ရွိုင်ရယ်-ဒီကို လိုအပ်ပါက ရွိုင်ရယ်-ဒီ ဖောင်ဒေးရှင်း ဖုန်းနံပါတ် 09674574277 ကိုဆက်သွယ် မေးမြန်းနိုင်ပြီဖြစ်ကြောင်းလည်း အသိပေးလိုက်ရပါတယ်။
ရွိုင်ရယ်-ဒီကတော့ ပံ့ပိုးကူညီပေးဖို့အသင့်ဖြစ်နေပါပြီ။